ကောင်းကင်နိုင်ငံတော်/၌ အကြီးမြတ်ဆုံးသူ
18
ထို/အချိန်/တွင် တပည့်တော်တို့/သည် ယေရှု/ထံတော်သို့/ချဉ်းကပ်/၍ “ကောင်းကင်/နိုင်ငံတော်/တွင် မည်သူ/သည် အကြီးမြတ်ဆုံး/ဖြစ်သနည်း” ဟု မေးလျှောက်ကြ၏။
2 ယေရှု/သည် ကလေးငယ်/တစ်ဦး/ကို ခေါ်/၍ သူတို့ အလယ်တွင်/ထား/လျက် 3 “ငါ/အမှန်/ဆိုရ/လျှင် သင်တို့/သည် ပြောင်းလဲ/၍ ကလေးငယ်/ကဲ့သို့ မဖြစ်/လျှင် ကောင်းကင်/နိုင်ငံတော်/သို့ မည်သည့်/အခါမျှ ဝင်ရ/လိမ့်မည်/မဟုတ်။ 4 ဤ/ကလေးငယ်/ကဲ့သို့ နှိမ့်ချသူ/သည် ကောင်းကင်နိုင်ငံ/တွင် အကြီးမြတ်ဆုံး/ဖြစ်၏။
5 ငါ့/မျက်နှာ/ကို/ထောက်/၍ ဤကဲ့သို့သော/ကလေးငယ်/ကို လက်ခံသော/သူ/သည် ငါ့/ကိုလည်း/လက်ခံ၏။ 6 ငါ့/ကို/ယုံကြည်သော ကလေးငယ်/တစ်စုံတစ်ယောက်/အား မှားယွင်းစေသောသူ/သည် ကြီးသော/ကြိတ်ဆုံကျောက်/ကို လည်/၌ ဆွဲ/လျက် နက်သော/ပင်လယ်/ထဲသို့ ပစ်ချခံရ/လျှင် ပို၍/ကောင်း၏။
7 ဤ/လောက/၌ အပြစ်/ကျူးလွန်/စေရန် ဖြားယောင်း/သွေးဆောင်သော/အရာများ/ရှိ၏။ လောကီသားတို့/သည်လည်း ထို/ဖြားယောင်း/သွေးဆောင်ရာ/သို့ လိုက်ပါ/သောကြောင့် အမင်္ဂလာ/ရှိကြ၏။ ဖြားယောင်း/သွေးဆောင်ခြင်းတို့/သည် ရှောင်လွှဲမရသော/အရာများ/ဖြစ်၏။ သို့ရာတွင် အပြစ်/ကျူးလွန်စရာ/အကြောင်း/ကို ဖြစ်စေသော/သူ/သည် အမင်္ဂလာ/ရှိ၏။ 8 ထို့ကြောင့်/သင်/၏ လက်၊ သို့မဟုတ် ခြေတို့/သည် သင့်/ကို အပြစ်/ကျူးလွန်စေ/ပါက ဖြတ်/၍ လွှင့်ပစ်လော့။ ခြေလက်/အစုံ/နှင့် ထာဝရ/မီး/ထဲသို့ ချခံရခြင်း/ထက် လက်တစ်ဖက်၊ သို့မဟုတ် ခြေတစ်ဖက်/နှင့် ထာဝရ/အသက်ရှင်ခွင့်/ရခြင်း/သည် ပို၍/ကောင်း၏။ 9 သင်/၏ မျက်စိ/သည် သင့်/ကို အပြစ်/ကျူးလွန်စေ/ပါက ထုတ်ယူ/၍ လွှင့်ပစ်လော့။ မျက်စိ/နှစ်ဖက်/နှင့် ငရဲ/မီး/ထဲသို့ ချခံရခြင်း/ထက် မျက်စိ/တစ်ဖက်/နှင့် ထာဝရ/အသက်ရှင်ခွင့်/ရခြင်း/သည် ပို၍/ကောင်း၏။
10 ကလေးငယ်/တစ်ဦးတစ်ယောက်/အပေါ်/၌ မထီမဲ့မြင်/မပြုမိ/စေရန် သတိပြုကြလော့။ ကောင်းကင်ဘုံ/တွင်/ရှိသော ထို/ကလေးငယ်တို့/၏ ကောင်းကင်တမန်များ/သည် ကောင်းကင်ဘုံ/၌ ရှိတော်မူသော ငါ့/ခမည်းတော်/၏ မျက်နှာတော်/ကို အစဉ်မပြတ် ဖူးမြော်/ကြရသည်/ဟု သင်တို့/အား ငါ/ပြောဆို၏။
ပျောက်သော/သိုး ပုံဥပမာ
11 လူသားa/သည် ပျောက်သောသူ/ကို ကယ်တင်/ရန် ကြွလာခြင်း/ဖြစ်၏။b 12 လူ/တစ်ယောက်/တွင် သိုး/အကောင်/တစ်ရာ/ရှိ၏။ ထို/သိုးများ/အနက် တစ်ကောင်/သည် လမ်းမှား/၍/ပျောက်ဆုံး/ပါက သူ/သည် မည်သို့/ပြုမည်/ဟု သင်တို့/ထင်ကြသနည်း။ သူ/သည် သိုး/ကိုးဆယ့်ကိုးကောင်/ကို တောင်ပေါ်/တွင် ချန်ထား/ပြီးလျှင် လမ်းမှား/၍ ပျောက်သော/သိုး/ကို ရှာဖွေမည်/မဟုတ်လော။ 13 တွေ့ရှိ/သောအခါ မပျောက်ဆုံးသော သိုး/ကိုးဆယ့်ကိုးကောင်/အတွက် ဝမ်းမြောက်ရသည်/ထက် ထို/သိုး/တစ်ကောင်/အတွက် ပို၍/ဝမ်းမြောက်ရသည်/ဟု ငါ/အမှန်/ဆို၏။ 14 ထို/ကဲ့သို့/ပင် ကောင်းကင်ဘုံ/၌/ရှိတော်မူသော သင်တို့/၏/အဖ/သည် ဤ/ကလေးငယ်/တစ်စုံတစ်ယောက်/ကိုမျှ ပျက်စီး/စေရန် အလိုတော်/မရှိ။
ပြစ်မှားသော/ညီအစ်ကို/မောင်နှမ/တစ်ဦး/ကို တည့်မတ်ပေးခြင်း
15 သင်/၏/ညီအစ်ကို/မောင်နှမc/တစ်ဦး/သည် သင့်/ကို ပြစ်မှား/လျှင် သူ့/ထံသို့ သွား/၍ သူ/၏/အပြစ်/ကို နှစ်ကိုယ်ကြား/ဖော်ပြလော့။ ထို/သူ/သည် သင့်/စကား/ကို နားထောင်/လျှင် သင်/သည် ထို/သူ/ကို ပြန်ရရှိပြီ။ 16 ထိုသို့/မဟုတ်ဘဲ သင့်/စကား/ကို နားမထောင်/ပါက သင်/နှင့်အတူ အသိသက်သေ/တစ်ဦး၊ သို့မဟုတ် နှစ်ဦးတို့/ကို/ခေါ်/၍ နောက်တစ်ကြိမ်/သွားလော့။ သို့မှသာ အမှုကိစ္စ/မှန်သမျှ/ကို သက်သေ/နှစ်ဦး၊ သို့မဟုတ် သုံးဦး/တို့/၏ ထွက်ဆိုချက်/အရ အတည်ပြု/ဆုံးဖြတ်/နိုင်မည်/ဖြစ်၏။ 17 ထို/သူ/သည် သူတို့/၏ စကား/ကို နားမထောင်ဘဲ/နေ/လျှင် ဤ/အမှု/ကို အသင်းတော်/သို့ တင်ပြလော့။ ထို/သူ/သည် အသင်းတော်/၏/ဆုံးဖြတ်ချက်/ကို/ပင်လျှင် နားမထောင်/ပါက ဘုရားသခင်/ကို မကိုးကွယ်သော/သူ/နှင့် အကျင့်ပျက်သော/အခွန်ကောက်သူ/ကဲ့သို့ သူ့/အား သတ်မှတ်လော့။
18 ငါ/အမှန်/ဆိုရ/လျှင် ကမ္ဘာလောက/တွင် သင်တို့/တားမြစ်d/သမျှ/သည် ကောင်းကင်ဘုံ/၌လည်း တားမြစ်/ခံရမည်။ ကမ္ဘာလောက/တွင် သင်တို့/ခွင့်ပြုe/သမျှ/သည် ကောင်းကင်ဘုံ/၌လည်း ခွင့်ပြု/ခံရမည်။
19 တစ်ဖန် ငါ/အမှန်/ဆိုရ/လျှင် လောက/တွင် သင်တို့/ထဲမှ လူ/နှစ်ဦးတို့/သဘောတူ/၍ ဆုတောင်း/လျှင် တောင်း/သမျှသော/ဆု/ကို ကောင်းကင်ဘုံ/ရှိ ငါ့/ခမည်းတော်/သည် ပေးသနားတော်မူ/လိမ့်မည်။ 20 လူနှစ်ဦး၊ သို့မဟုတ် သုံးဦး/သည် ငါ့/အမည်/နာမ/ကို/အမှီပြု/၍ စုရုံးကြ/လျှင် ထို/နေရာ/တွင် ငါ/သည်/သူတို့/နှင့်အတူ/ရှိသည်” ဟု မိန့်တော်မူ၏။
ခွင့်မလွှတ်သည့်/ကြွေးတင်သူ ပုံဥပမာ
21 ထိုအခါ ပေတရု/သည် ယေရှု/ထံသို့ ချဉ်းကပ်/၍ “သခင်… အကျွန်ုပ်/ကို အပြစ်ကျူးလွန်သော/ညီအစ်ကို/အား အကြိမ်/မည်မျှ ခွင့်လွှတ်ရမည်နည်း။ ခုနစ်ကြိမ်/တိုင်အောင်/လော” ဟု မေးလျှောက်လေ၏။
22 ယေရှု/က “ခုနစ်ကြိမ်/သာ ခွင့်လွှတ်ရမည်/ဟု ငါ/မဆိုပါ။ အကြိမ်ပေါင်း ခုနစ်ဆယ့် ခုနစ်လီ/တိုင်အောင် ခွင့်လွှတ်ရမည်/ဟု ငါ/ဆို၏။
23 ထို့ကြောင့် ကောင်းကင်/နိုင်ငံတော်/သည် မိမိ/ကျွန်များ/နှင့် ငွေစာရင်း/ရှင်းလိုသော/ဘုရင်တစ်ပါး/၏ အဖြစ်/နှင့် တူ၏။ 24 သူ/သည် စာရင်း/ရှင်းတမ်းပြု/စဉ်တွင် ငွေကြေး/သန်းပေါင်းများစွာf ကြွေးတင်သူ/တစ်ဦး/ကို သူ့/ထံ ခေါ်လာကြ၏။ 25 ထို/သူ/သည် အကြွေး/မဆပ်နိုင်/သဖြင့် သူ/၏/သခင်/က ထို/သူ/မှစ၍ ဇနီး၊ သားသမီးများ/နှင့် ဥစ္စာပစ္စည်းများ/ကို ရောင်းချ/၍ ဆပ်ပေး/ရန် အမိန့်ပေးလေ၏။
26 ထိုအခါ ထို/ကျွန်/သည် သခင်/ရှေ့တွင် ဒူးထောက်/လျက် ‘ကျွန်ုပ်/ကို သည်းခံတော်မူပါ။ ရှိသမျှ/အကြွေး/ကို ကျွန်ုပ်/ပြန်ဆပ်ပါမည်’ ဟု လျှောက်၏။ 27 သခင်/သည် သူ့/အား/သနား/သဖြင့် ကြွေး/ရှိသမျှ/ကို ပယ်ဖျက်/၍ ကင်းလွတ်ခွင့်/ပေးလိုက်၏။
28 သို့သော် ထို/ကျွန်/သည် ထွက်သွား/ပြီးနောက် သူ့/အား ငွေဒင်္ဂါး/ပြား/တစ်ရာg အကြွေးတင်/နေသော ကျွန်ဖော်ချင်း/တစ်ဦး/ကို တွေ့/လျှင် ထို/သူ/၏ လည်/ကို/ညှစ်/၍ ‘သင်/ချေးယူထားသော/အကြွေး/ကို ဆပ်လော့’ ဟု ဆိုလေ၏။
29 ထို/ကျွန်ဖော်ချင်း/သည် ဒူးထောက်/၍ ‘ကျွန်ုပ်/ကို သည်းခံပေးပါ။ အကြွေး/ရှိသမျှ/ကို ကျွန်ုပ်/ဆပ်ပါမည်’ ဟု တောင်းပန်၏။ 30 သို့သော် ကြွေးရှင်/သည်/လက်မခံဘဲ ထို/အကြွေး/မဆပ်/မီ/တိုင်အောင် သူ့/ကို ထောင်/ထဲတွင် ထည့်ထား၏။
31 ထို/အဖြစ်အပျက်/ကို အခြားသော/ကျွန်ဖော်ချင်းတို့/သည် တွေ့မြင်/သော် အလွန်/နာကြည်း/သဖြင့် မိမိတို့/သခင်/ထံ သွား/၍ ဖြစ်ပျက်/သမျှ/ကို လျှောက်ကြ၏။ 32 ထိုအခါ သခင်/သည် ထို/ကျွန်/ကို/ခေါ်/၍ ‘ဆိုးယုတ်သော/ကျွန်… သင်/သည်/ငါ့/ကို အသနားခံ/တောင်းပန်/သောကြောင့် ငါ/သည် သင့်/အကြွေး/ရှိသမျှ/ကို ချေဖျက်ခဲ့၏။ 33 ငါ/သည် သင့်/ကို/သနား/သကဲ့သို့ သင်/သည်လည်း သင့်/ကျွန်ဖော်ချင်း/ကို သနားသင့်သည်/မဟုတ်လော’ ဟု ဆိုလေ၏။ 34 သခင်/သည် သူ့/အား အမျက်ထွက်/၍ ရှိသမျှ/အကြွေး/ကို မဆပ်/မီ/တိုင်အောင် နှိပ်စက်ခံ/စေရန် ထောင်/ထဲတွင်/ထည့်ထားလေ၏။
35 ထို/နည်းတူ သင်တို့/တစ်ဦးချင်း/သည် မိမိ/ညီအစ်ကို/မောင်နှမ/ကို စိတ်ရင်း/အမှန်/ဖြင့် ခွင့်မလွှတ်/လျှင် ကောင်းကင်ဘုံရှင် ငါ/၏/ခမည်းတော်/သည်လည်း သင်တို့/ကို ခွင့်လွှတ်တော်မူမည်/မဟုတ်” ဟု မိန့်တော်မူ၏။